ALPHA Education

This is the heading

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော ALPHA Education သည် မုံရွာမြို့တွင် တည်ရှိပြီး ဆရာ ဦးအောင်ဆန်းလွင်၏ ဦးစီးဦးဆောင်မှုဖြင့် ၂၀၀၀ ခုနှစ်တွင် ALPHA Computer Center (Monywa) နှင့် U Aung San Lwin LCCI Diploma Class (Monywa) တို့ကို ပေါင်းစည်းတည်ထောင်ခဲ့ပါသည်။ ထိုအချိန်မှစတင်ကာ Computer application သင်တန်းများ နှင့် LCCI စာရင်းကိုင်သင်တန်းများ ပို့ချပေးလျက်ရှိပါသည်။

ALPHA Education အနေနှင့် ၂၀၀၄ ခုနှစ်မှစတင်ကာ EDI-UK သို့ LCCI Traning Center တခုအဖြစ်မှတ်ပုံတင်ထား၍ အသိအမှတ်ပြုထားသောကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ ALPHA Education သည် Pearson Education မှချီးမြှင့်သည့် Silver Center Award ကို ၂၀၁၇ ခုနှစ်မှစတင်ကာ ၃နှစ်ဆက်တိုက်ရရှိခဲ့ပါသည်။

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA Program ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital Campus အနေနှင့် MBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ ALPHA Education Learning Support Center တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။