HYW (Honorable Youth Winners) Business, IT & Language Center
TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော HYW (Honorable Youth Winners) Business, IT & Language Center သည် မကွေးမြို့တွင် တည်ရှိပြီး ၂၀၀၆ ခုနှစ်တွင် HYW Co., Ltd. ကိုပညာရေးနှင့် စီးပွားရေးဝန်ဆောင်မှု ကုမ္ပဏီ အဖြစ် တည်ထောင်ခဲ့ပြီး Soft Guide Computer Training Sub Center အဖြစ် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် စတင်ခဲ့၍ စီးပွားရေးစီမံခန့်ခွဲမှု Diploma သင်တန်းများ၊ Certificate သင်တန်းများ၊ English သင်တန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများအတွက် စာရင်းဇယား ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ စာရင်းများစစ်ဆေးပေးခြင်း၊ ကုန်ပစ္စည်းစာရင်းနှင့် ပတ်သတ်သော ဝန်ဆောင်မှုများ၊ စာရင်းပိုင်းပုံစံများချပေးခြင်း၊ စာရင်းများဆွဲပေးခြင်း၊ ကွန်ပျူတာစာရင်းစနစ်ပြောင်းရန် ကူညီ ဆောင်ရွက်ပေးခြင်း စသည့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် အပိုင်းများကို ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO၊ INGOများနှင့်ပူးပေါင်းကာ စွမ်းဆောင်ရည်မြင့်သင်တန်းများ၊ အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။
၂၀၁၅ ခုနှစ်တွင် GIZ နှင့် ILO တို့၏ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ်မှ Regional Business Development Service Provider သင်တန်းကျောင်းအဖြစ် မကွေးတိုင်း ကိုယ်စားပြု ရွေးချယ်ခံခဲ့ရပါသည်။
HYW အားစတင်တည်ထောင်ခဲ့သူမှာ Dr. ဌေးယဉ်ဝင်း ဖြစ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာဘွဲ့ကိုလည်းကောင်း၊ VU, Switzerland မှ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကိုလည်းကောင်း၊ EGS, Paris မှ စီးပွားရေးစီမံခန့်ခွဲမှု ပါရဂူဘွဲ့ကိုလည်းကောင်း ၊ UK မှချီးမြှင့်သော စာရင်းပိုင်းဆိုင်ရာ ဒီပလိုမာများရရှိထားပြီးစီးပွားရေးလုပ်ငန်းများတွင် အချိန်ပိုင်းအကြံပေးဝန်ဆောင်မှုလုပ်ငန်းများ၊ စီမံခန့်ခွဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဦးဆောင်အရာရှိအဖြစ်လည်းဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ HYW Business, IT & Language Center (Learning Support Center )တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA Program ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။
Address – Corner of PyiDawThar Road and Bandar Pin Street, Kanthar Quarter, Magway, Myanmar
Phone – 09 5341150, 09 965341150
Facebook – HYW (Honorable Youth Winners) Business, IT & Language Center
- Address – Corner of PyiDawThar Road and Bandar Pin Street, Kanthar Quarter, Magway, Myanmar.
- Phone – 09 5341150, 09 965341150