Winner Institute Mawlamyine
မွန်ပြည်နယ်ဒေသအတွင်းနှင့် မော်လမြိုင်မြို့မှ လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဆယ်တန်းအောင်မြင်ထားသူများ နှင့် တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်း
TECHKATHO Digital University နှင့် Winner Institute Mawlamyine တို့ ပူးပေါင်းကာ မော်လမြိုင်မြို့ မှ MBA & B.B.A Program များကို တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများအတွက် Official Learning Support Center (LSC) ကို ယူဆောင်လာပါပြီ။
TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော Winner Institute Mawlamyine သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး ဆရာ ဦးသိန်းဇော်၏ ဦးစီးဦးဆောင်မှုဖြင့် ၂၀၀၄ ခုနှစ်တွင် Horizon .Net Computer Training အမည်ဖြင့် အိုင်တီဘာသာရပ်များကို မော်လမြိုင်မြို့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ခေတ်နှင့်လျော်ညီစွာ အိုင်တီဘာသာရပ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၁၀ ခုနှစ်တွင် ရန်ကုန် Winner Computer Group မော်လမြိုင်အခွဲအမည်ဖြင့် အိုင်တီဘာသာရပ်များနှင့် Diploma in IT ဘာသာရပ်များကို ချဲ့ထွင်သင်ကြားနိုင်ရန် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် အိုင်တီဘာသာရပ်အပြင် Industry နယ်ပယ်တွင် လိုအပ်ချက်အရ စီးပွားရေးဘာသာရပ်များနှင့် ကိုယ်ရည်ကိုယ်သွေးဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားနိုင်ရန်အတွက် ကိုယ်ပိုင်နာမည်ခံ Winner Computer Center အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ဒါ့အပြင် Local Industry Market အတွက်သာမက Global Industry Market အထိ တိုးချဲ့နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်တွင် Winner Institute Mawlamyine အမည်ဖြင့် Center အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA & B.B.A Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ Winner Institute Mawlamyine (Learning Support Center) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA & B.B.A Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA & B.B.A Program များကို သင်ကြားပေးနေလျက်ရှိပါသည်။
Address – အမှတ် (အေ-၇) ၊ မြိုင်သာယာပန်းခြံရှေ့၊ ဗိုလ်ချုပ်လမ်း ၊ မြိုင်သာယာရပ်၊ မော်လမြိုင်
Phone – 09 792 360 283
Facebook – Winner Institute Mawlamyine
- အမှတ် (အေ-၇) ၊ မြိုင်သာယာပန်းခြံရှေ့၊ ဗိုလ်ချုပ်လမ်း ၊ မြိုင်သာယာရပ်၊ မော်လမြိုင်။
- 09 792 360 283
Myanmar Professional Institute
Myanmar Professional Institute (MPI) အား ၂၀၁၇ ခုနှစ်တွင် ကျိုက်ထိုမြို့တွင် တည်ထောင်ခဲ့ပြီး တည်ထောင်သူမှာ ဒေါ်သန္တာအောင် M.Sc (Master of Science in Computer Information Systems), Global MBA (Global Master Of Business Administration) ဖြစ်ပါသည်။
🔹 ဒေါ်သန္တာအောင်သည် ၁၉၉၉ ခုနှစ်မှစ၍ KMD Computer Center တွင် ကွန်ပျူတာ ဆရာမ အဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း Manawrama ဘုန်းတော်ကြီးကျောင်းတွင် စေတနာ့ဝန်ထမ်း ဆရာမအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ဒေါ်သန္တာအောင်သည် ထိုင်းနိုင်ငံ TACDB တွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အိုင်တီဆရာမအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စင်ကာပူနိုင်ငံ Pyin Nyar Dana (အသိပညာမျှဝေခြင်း) တွင်လည်း စေတနာ့ဝန်ထမ်း အိုင်တီဆရာမအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပါခဲ့သည်။
🔹 Myanmar Professional Institute (MPI) တွင် Project Plan ရေးဆွဲနည်းများ, Internet & Email အသုံးပြုပုံများ, Business Computer အသုံးပြုပုံများ, English 4 Skills, Photoshop & Video Editing အစရှိတာတွေကို သင်ကြားပို့ချပေးနေပါသည်။
🔹 Myanmar Professional Institute (MPI) ၏ တည်ထောင်သူ ဒေါ်သန္တာအောင်သည် 2016 ခုနှစ်တွင် စင်ကာပူနိုင်ငံ၊ ASEAN Leaders Programme၊ Common Purpose မှ IDEA ဆုကို ရရှိခဲ့ပြီး လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရေးနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်လာနိုင်စေရန်နှင့် ပြင်ပ ပညာရေးလမ်းကြောင်းများ၊ အခွင့်အလမ်းများကို ရရှိနိုင်ရန်ရည်ရွယ်ပြီး ကျွန်တော်တို့ TECHKATHO Digital University နှင့် ပူးပေါင်းကာ MBA, BBA(Top-Up) နှင့် BBA Program များကို တက်ရောက်သင်ကြားနိုင်ရန်အတွက် Official Learning Support Centre အဖြစ် ရပ်တည်လျက်ရှိပါသည်။
🔹 ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA, B.B.A (Top-Up) & BBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲတွင် စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ Myanmar Professional Institute (MPI) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
🔹 TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA, B.B.A (Top-Up) & BBA Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA, B.B.A (Top-Up) & BBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။
Address – 398B၊ စိန်ပန်းလမ်း၊ တောင်သူစုရပ်ကွက်၊ ကျိုက်ထိုမြို့
Phone – – 09 451 048 013, 09 420 152 228
Facebook – Myanmar Professional Institute
- Address – 398B၊ စိန်ပန်းလမ်း၊ တောင်သူစုရပ်ကွက်၊ ကျိုက်ထိုမြို့
- Phone – 09 451 048 013, 09 420 152 228