Mandalay

Excellence Business Center

Excellence Business Center

Excellence Business Center အား ၂၀၁၇ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် မန္တလေးမြို့တွင် တည်ထောင်ခဲ့ပါသည်။

Excellence Business Center ၏ တည်ထောင်သူမှာ ဒေါ်သန္တာဌေး DBA, B.A (Business Science), MBA (MIE) ဖြစ်ပါသည်။ ဒေါ်သန္တာဌေး သည် HR Career ဖြင့်အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် မှ စတင်၍ Excellence Business Center အားတစ်ဦးတည်းပိုင်အဖြစ်တည်ထောင်ခဲ့ပါသည်။

Excellence Business Center တွင် Computer Basic Office Course, Computer Advanced Office Course, Advanced Excel သင်တန်းများ၊ Human Resource Management သင်တန်းများ၊ Office Management သင်တန်းများ ၊ကွန်ပြူတာဆရာဖြစ်သင်တန်း၊ ကွန်ပြူတာစာရင်းကိုင်သင်တန်းများကို အဓိကထား သင်ကြားလျက်ရှိပါသည်။

Excellence Business Center ၏ တည်ထောင်သူ ဒေါ်သန္တာဌေးသည် Advanced Excel for Accounting (စာရင်းကိုင်လက်စွဲ)၊ Advanced Excel for HR (HR လက်စွဲ)၊ Advanced Excel for Warehouse & Inventory၊ HR Metrics စာအုပ်တို့အား ကိုယ်တိုင်ရေးသားထုတ်‌ဝေပြီး လက်ရှိတွင် တစ်နိုင်ငံလုံးနှင့် နိုင်ငံရပ်ခြားများသို့ပါ ပေးပို့ရောင်းချလျက်ရှိသည့်အပြင် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရေးနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်လာနိုင်စေရန်နှင့် ပြင်ပ ပညာရေးလမ်းကြောင်းများ၊ အခွင့်အလမ်းများကို ရရှိနိုင်ရန်ရည်ရွယ်ပြီး ကျွန်တော်တို့ TECHKATHO Digital University နှင့် ပူးပေါင်းကာ MBA, BBA(Top-Up) နှင့် BBA Program များကို တက်ရောက်သင်ကြားနိုင်ရန်အတွက် Official Learning Support Centre အဖြစ် ရပ်တည်လျက်ရှိပါသည်။

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA, B.B.A (Top-Up) & BBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲတွင် စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ Excellence Business Center (Learning Support Center) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA, B.B.A (Top-Up) & BBA Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA, B.B.A (Top-Up) & BBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။

Address – လမ်း (၄၀)B၊ ၆၇လမ်း နှင့် ၆၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

Phone – 09-255568517, 09-402529374

Facebook – Excellence Business Center