Htrak Mrak Tun Private High School

Htrak Mrak Tun Private High School

ထက်မြက်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းကို ၂၀၀၃ ခုနှစ်တွင် ဆရာ ဦးထွန်းမြင့်သိန်း B.Sc (I.C) နှင့် ဆရာမ ဒေါ်စန္ဒာဝင်း B.Sc (Hons), M.Sc (Chem) တို့က စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်က ပညာရေး ဘော်ဒါဆောင် အဖြစ်စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် ၉-တန်း၊ ၁၀-တန်း ကျောင်းသူကျောင်းသားများအား ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားပေးသော ပညာရေး ဘော်ဒါဆောင်အဖြစ် ၁၃ နှစ် တိုင်တိုင် ရပ်တည်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်သို့ ပြောင်းရွှေ့ပြီး ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ နှစ်စဉ် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ဝန်းကျင်ခန့်အား ပညာသင်ကြားပေးခဲ့ ပါသည်။ ၂၀၁၉ ခုနှစ်တွင် ထက်မြက်ထွန်း ကိုယ်ပိုင်ကျောင်းခွဲ (တရားသိစုရပ်ကွက်၊ စစ်တွေမြို့) ကို စတင်ဖွင့်လှစ် ခဲ့ပါသည်။

ယခုအချိန်တွင် ထက်မြက်ထွန်းကိုယ်ပိုင်ကျောင်း၌ နှစ်စဉ် ကျောင်းသူကျောင်းသား ၅၀၀ ကျော်ခန့် ပညာဆည်းပူးလျက်ရှိပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအင်အား ၁၀၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက် လျက်ရှိပါသည်။

ထက်မြက်ထွန်းကိုယ်ပိုင်အထက်တန်းကျောင်းကို တည်ထောင်သူ ဆရာဦးထွန်းမြင့်သိန်းမှာ ၁၉၉၅-၉၆ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်၌ ကုန်ထုတ်ဓါတုဗေဒဘာသာကို ပညာဆည်းပူးခဲ့ပြီး ၂၀၀၁-၂၀၀၂ တွင် ဒဂုံတက္ကသိုလ်မှ ကုန်ထုတ်ဓါတုဗေဒဘာသာအထူးပြုဖြင့် B.Sc ဘွဲ့ကို ရရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှ စတင်ကာ ထက်မြက်ထွန်း စခန်းသွင်းဘော်ဒါဆောင်အဖြစ် ပညာရေးဝန်ဆောင်မှုလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကာ ယခုအချိန် အထိ ထက်မြက်ထွန်းကိုယ်ပိုင်အထက်တန်းကျောင်း ပညာရေးဝန်ဆောင်မှုခလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

၂၀၁၀ ခုနှစ်တွင် ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို မိတ်ဆွေများနှင့် အတူ တည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ပညာရေးလုပ်ငန်းများ၊ ဘေးဒုက္ခကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေတွင်းရေကန်များတူးဖေါ်ရေးလုပ်ငန်းများ၊ ဒေသတွင်းလူငယ်များ၏ စွမ်းရည်မြှင့်တင်ရေးသင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အသေးစားငွေရေး ကြေးရေးလုပ်ငန်းကို စတင်ဆောင်ရွက်ပေးခဲ့ကာ ယခုအချိန်ထိ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့များတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ (Microfinance) ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် ဦးထွန်းမြင့်သိန်း အနေဖြင့် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတွင် တည်ထောင်သူနှင့် ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိပြီး Wan-Lark Microfinance Co., Ltd ၏ Managing Director အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA & B.B.A Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ ထက်မြက်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်း (Learning Support Center )တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA နှင့် B.B.A Program ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA & B.B.A Program များကို သင်ကြားပေးနေလျက်ရှိပါသည်။

Address – ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ် (၃၂)၊ ပိုက်သည်ဆိပ်ကမ်း၊ တရားသိစုရပ်ကွက်။

Phone – 09 45054 1792

Facebook – Htrak Mrak Tun Private High School