Open Learning Taunggyi
ရှမ်းပြည်နယ်ဒေသအတွင်းနှင့် တောင်ကြီးမြို့မှ လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဆယ်တန်းအောင်မြင်ထားသူများ နှင့် တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်း
TECHKATHO Digital University နှင့် Open Learning Taunggyi တို့ ပူးပေါင်းကာ တောင်ကြီးမြို့ မှ MBA & B.B.A Program များကို တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများအတွက် Official Learning Support Center (LSC) ကို ယူဆောင်လာပါပြီ။
TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော Open Learning Taunggyi Business Institute သည် Open Learning Taunggyi Education Service Company Limited ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ဆရာဦးအောင်ကျော်စိုး၏ ဦးစီးဆောင်ရွက်မှုဖြင့် 2021 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
OLT တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်မှ လူငယ်၊ လူရွယ်များ နိုင်ငံတကာအဆင့်မီ စီးပွားရေးပညာရပ်များကို စရိတ်စကလွန်စွာ သက်သာစွာဖြင့် လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ပါသည်။ တောင်ကြီးမြို့တွင် Corporate Social Responsibility (CSR) Program အဖြစ် စီးပွားရေးပညာရပ်များကို အခမဲ့ ဖြန့်ဝေခဲ့ ဖြန့်ဝေနေသော ပထမဦးဆုံး ကျောင်းလည်းဖြစ်ပါသည်။
OLT စတင်လည်ပတ်ခဲ့သော ၁ နှစ်တာကာလအတွင်း တက်ရောက်ပြီး ကျောင်းသားဦးရေ ၁၅၀၀ ကျော်မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိတက်ရောက်နေဆဲ ကျောင်းသားပေါင်း ၂၀၀ ကျော်ရှိပါသည်။
OLT ကျောင်းတော်ကြီးတွင် စီးပွားရေးပညာရပ်များသာမက ဘာသာစကား သင်တန်းများ Computer နည်းပညာ ဘာသာရပ်များကိုပါ အသက်သာဆုံး အခငွေကြေးဖြင့်တက်ရောက်နိုင်ရန် စီစဉ်ထားရှိပေးထားပါသည်။
ကျောင်းသား၊ လူငယ်များအား Campus Life အပြည့်အဝ ခံစားစေနိုင်ရန်အတွက်လည်း ကျောင်း၏ ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်ပေးနေပါသည်။
OLT သည် UK ပညာရေးအဖွဲ့အစည်းများဖြစ်သည့် ABE (UK), LQB (UK) တို့၏ တရားဝင် Official Approved Center လည်းဖြစ်သလို ယခုအချိန်အထိ UK Diploma holder အယောက် ၂၀၀ ကျော်ကို မွေးထုတ်ပေးထားနိုင်သော တောင်ကြီးမြို့၏ ပထမဆုံးကျောင်းဖြစ်ပါသည်။
ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA & B.B.A Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ Open Learning Taunggyi (Learning Support Center) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA & B.B.A Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA & B.B.A Program များကို သင်ကြားပေးနေလျက်ရှိပါသည်။
Address – အမှတ် (၁၃၀)၊ ရွှေဂူလမ်း ၊ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့
Phone – 09 882 248 855
- အမှတ် (၁၃၀)၊ ရွှေဂူလမ်း ၊ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့
- 09 882 248 855