Winner Institute Mawlamyine

မွန်ပြည်နယ်ဒေသအတွင်းနှင့် မော်လမြိုင်မြို့မှ လုပ်ငန်းရှင်များစီမံခန့်ခွဲမှုနယ်ပယ်မှပုဂ္ဂိုလ်များဆယ်တန်းအောင်မြင်ထားသူများ နှင့် တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသားကျောင်းသူများအတွက် သတင်းကောင်း 

TECHKATHO Digital University နှင့် Winner Institute Mawlamyine တို့ ပူးပေါင်းကာ မော်လမြိုင်မြို့ မှ MBA & B.B.A Program များကို တက်ရောက်လိုသော ကျောင်းသူကျောင်းသားများအတွက် Official Learning Support Center (LSC) ကို ယူဆောင်လာပါပြီ 

TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော Winner Institute Mawlamyine သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး ဆရာ ဦးသိန်းဇော်၏ ဦးစီးဦးဆောင်မှုဖြင့် ၂၀၀၄ ခုနှစ်တွင်  Horizon .Net Computer Training အမည်ဖြင့် အိုင်တီဘာသာရပ်များကို မော်လမြိုင်မြို့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ခေတ်နှင့်လျော်ညီစွာ အိုင်တီဘာသာရပ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၁၀ ခုနှစ်တွင် ရန်ကုန် Winner Computer Group မော်လမြိုင်အခွဲအမည်ဖြင့် အိုင်တီဘာသာရပ်များနှင့် Diploma in IT ဘာသာရပ်များကို ချဲ့ထွင်သင်ကြားနိုင်ရန် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် အိုင်တီဘာသာရပ်အပြင် Industry နယ်ပယ်တွင် လိုအပ်ချက်အရ စီးပွားရေးဘာသာရပ်များနှင့် ကိုယ်ရည်ကိုယ်သွေးဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားနိုင်ရန်အတွက် ကိုယ်ပိုင်နာမည်ခံ Winner Computer Center အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ဒါ့အပြင် Local Industry Market အတွက်သာမက Global Industry Market အထိ တိုးချဲ့နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်တွင် Winner Institute Mawlamyine အမည်ဖြင့် Center အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။ 

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ 

၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA & B.B.A Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း 

၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း 

၃) ကျောင်းသားများစုဝေးစာများလေ့လာ ဆွေးနွေးနိုင်ခြင်း 

၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း 

အစရှိသည့် အချက်များကို TECHKATHO ၏ Winner Institute Mawlamyine (Learning Support Center) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမကကမ္ဘာအနှံ့မှ မြန်မာအမျိုးသားအမျိုးသမီးများအားလုံးအတွက် MBA & B.B.A Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA & B.B.A Program များကို သင်ကြားပေးနေလျက်ရှိပါသည်။ 

Address – အမှတ် (အေ-၇) ၊ မြိုင်သာယာပန်းခြံရှေ့၊ ဗိုလ်ချုပ်လမ်း ၊ မြိုင်သာယာရပ်၊ မော်လမြိုင်

Phone – 09 792 360 283

Facebook – Winner Institute Mawlamyine