How can we help you?

Graditute

Student Enrollments & Marketing

Finance

Finance
.

student service

Student Service

academic

Academic

Graditute

Student Enrollments & Marketing

Finance

Finance
သင်တန်းများ

student service

Student Service
သင်တန်းများ

academic

Academic
သင်တန်းများ

Management လုပ်ငန်းအတွေ့အကြုံ ၁ နှစ် ရှိပါက MBA တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။

MBA တက်ရောက်ရန်အတွက် လျှောက်လွှာကို Online ပေါ်မှတင်သွင်းနိုင်ပါသည်။
Application Form  : CLICK HERE

MBA ကို Online ကနေတက်ရမှာဆိုတော့ ဘွဲ့လက်မှတ်မှာ Online MBA ဆိုပြီး ပါနေမှာလား? လူကြီးမင်းတို့ ရရှိမည့် ဘွဲ့လက်မှတ်တွင် Online ဆိုသည့် အခေါ်အဝေါ် အရေးအသား ပါဝင်နေမည် မဟုတ်ပါ။

သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီနှင့် Action Research Paper (ARP) ပြီးမြောက်အောင်မြင်ထား သည့် ကျောင်းသား၊ ကျောင်းသူ များအတွက် ခမ်းနားစွာ ကျင်းပသွားမည့် ဘွဲ့နှင်းသဘင်များရှိသွားမည် ဖြစ်ပါသည်။
ဒါ့အပြင် လူကြီးမင်းအနေဖြင့် ပြင်သစ်နိုင်ငံတွင် သွားရောက်ရယူနိုင်သလို ဘန်ကောက်နှင့် ရန်ကုန် အစရှိသည်မြို့ကြီးများတွင်လည်း ဘွဲ့နှင်းအခမ်းအနားဖြင့် တက်ရောက်ရယူနိုင်မှာ ဖြစ်ပါသည်။

Module ၁ ခုလျှင် အချိန်ကာလ ၆ ပတ် ကြာမြင့်မှာဖြစ်ပြီး ၂ ပတ်မြောက်နှင့် ၄ ပတ်မြောက်တွင် Quiz များ ဖြေဆိုရပါမည်။ နောက်ဆုံး ၆ ပတ်မြောက်တွင် Assignments ၁ ကြိမ် တင်သွင်းရမည် ဖြစ်ပါသည်။

Learning Management System (LMS) ပေါ်တွင် Online Learning Digital Classroom ပုံစံဖြင့် နိုင်ငံတကာသင်ကြားရေး အတွေ့အကြုံရှိ ဝါရင့် ဆရာကြီး၊ ဆရာမကြီးများ၏ ကြိုတင်ရိုက်ကူးထားသည့် Pre-recorded Video များ၊ Reading file များနှင့် Multi-media Materials တို့ကို အင်တာနက်ရှိသည့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မဆို ဖုန်းဖြင့်သော်လည်းကောင်း၊ Laptop ဖြင့်သော်လည်းကောင်း အလွယ်တကူ ဝင်ရောက်လေ့လာသင်ယူနိုင်မှာ ဖြစ်ပါသည်။
ထို့ပြင် ၂ ပတ် ၁ကြိမ် Zoom ဖြင့်ပြုလုပ်သည့် Case Discussion Forum (CDF) များတွင် သက်ဆိုင်ရာဘာသာရပ် ဆရာကြီး၊ ဆရာမကြီးများနှင့်လည်း သိရှိလိုသည့် အကြောင်းအရာများကို တွေ့ဆုံမေးမြန်း ဆွေးနွေးနိုင်မှာဖြစ်ပါသည်။

TECHKATHO Digital University က MBA Program သည် မြန်မာလို လေ့လာသင်ယူနိုင်ပြီး Assignment ကိုလဲ မြန်မာ၊ အင်္ဂလိပ် ကြိုက်နှစ်သက် ၁ခု ဖြင့် တင်သွင်းနိုင်ပါသည်။ ဒါ့အပြင် Learning Management System (LMS) ဖြင့် သင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့် အလုပ်တဖက်နှင့် MBA Program ကို တက်ရောက်လိုသူများအနေဖြင့်လည်း အချိန်သက်သက် ပေးစရာမလိုဘဲ တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရှိ European International University (EIU)-Paris က MBA ဘွဲ့လက်မှတ်ကို ချီးမြှင့်သွားမှာ ဖြစ်ပါသည်။

ကျောင်းတက်ရောက်ရန် စိတ်ဝင်စားပါက ပေးပို့ရန်လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. MBA Application Form Click Here
2. NRC (Both Front Page & Back page)
3. Bachelor Certificate + Transcripts (Optional)
4. CV or Resume
5. Photo (Width 35 mm x Height, 45 mm, Against White Background)
6. 1 Year Managerial Work Experience Recommendation Letter
7. Reference Letter from Academic (or) any Superior Person
8. Personal Statement
၎င်းတို့အနက်မှ အမှတ်စဉ် (1), (2), (3) နှင့် (4) တို့ကို ဦးစားပေး ပေးပို့နိုင်ပါသည်။

ကျောင်းလခပေးသွင်းမှုများအား အောက်ပါနေရာများမှတစ်ဆင့် မည့်သည့်ရာခိုင်နှုန်းမှထည့်ပေါင်းစရာမလိုပဲ ပေးသွင်းနိုင်ပါသည်။
– AYA Bank
– KBZ Bank
– CB Bank
– KBZ Pay (Quick Pay)

ကျောင်းလခပေးသွင်းရန် ငွေတောင်းခံလွှာအား ကျောင်းသားများ၏ အီးမေးလ်သို့ ပေးပို့မည်ဖြစ်ပါသည်။

ကျောင်းလခပေးသွင်းရန် ငွေတောင်းခံလွှာအား ဘာသာရပ်အသစ်စတင်မည့်ရက် မတိုင်ခင် (၁၀) ရက် အလိုတွင် ကျောင်းသားများ၏ အီးမေးလ်သို့ ပေးပို့မည်ဖြစ်ပါသည်။ ၎င်း ကျောင်းလခအား ငွေတောင်းခံလွှာလက်ခံရရှိပြီး (၇) ရက်အတွင်း ငွေတောင်းခံလွှာတွင်ဖော်ပြထားသည့် နေရာများမှတစ်ဆင့်ပေးသွင်း၍ ဘာသာရပ်အသစ်အား တက်ရောက်နိုင်ပါသည်။

ကျောင်းလခများအား သတ်မှတ်ရက် ( Due Date ) အတွင်း ပေးသွင်းရန်ပျက်ကွက်ပါက ကျောင်းသား/သူ၏ TECHKATHO Digital University စာသင်ကြားသည့် အကောင့်အား ကျောင်းလခ ပေးသွင်းသည့်အချိန်ထိ ယာယီပိတ်ထားမည်ဖြစ်ပါသည်။

လျှောက်လွှာကြေး (Application Fees) နှင့် ကျောင်းလခ (Tuition Fees) တို့သည် Non-Refundable ဖြစ်သည့်အတွက် အကြောင်းတစ်ခုခုကြောင့် Program အား မတက်ရောက်ဖြစ်ခဲ့ပါက Application Fees သော်လည်းကောင်း၊ Tuition Fees သော်လည်းကောင်း ပြန်အမ်းပေးမည်မဟုတ်ပါ။

Textbook များ နှင့် ဆရာ/ဆရာမ များ၏ ဖတ်ရှုရန် အကြံပြုထားသည့် Reference စာအုပ်များအား မဖြစ်မနေဝယ်ယူရန်မလိုအပ်ပါ။ ကျောင်းသားကျောင်းသူများအနေဖြင့် ဝယ်ယူလိုပါကလည်း TECHKATHO Digital University မှ စာအုပ် Order များကောက်ယူပေးပြီး အိမ်အရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုအား ပြုလုပ်ပေးထားပါသည်။

TECHKATHO Digital University သို့ Learning Management System ပေါ်မှတစ်ဆင့် မိမိ၏ကိုယ်ပိုင်အကောင့်ဖြင့် အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။
ထို့အပြင် Student Service ထံသို့လည်း ရုံးချိန်အတွင်း ဖြစ်သော တနင်္လာနေ့ မှ စနေနေ့၊ မနက် (၉) နာရီ မှ ညနေ (၅) နာရီအတွင်းဆက်သွယ်နိုင်ပါသည်။ တနင်္ဂနွေနေ့ နှင့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် ဆက်သွယ်လိုပါက Viber တွင် စာတို (Message) ချန်ထားခဲ့နိုင်ပါသည်။ ရုံးချိန်အတွင်း ပြန်လည်ခေါ်ဆို ပေးပါမည်။

MBA Program တက်ရောက်နေစဥ်ကာလအတွင်း ကျောင်းသားတစ်ယောက်အနေဖြင့် “Break” ပြုလုပ်ခြင်းအား အများဆုံး (၂) ကြိမ်အထိသာ ပြုလုပ်ခွင့်ရှိမည်ဖြစ်ပါသည်။ တစ်ကြိမ် လျှင် Module တစ်ခု၏ ကြာချိန်ဖြစ်သည့် (၇) ပတ် ရရှိနိုင်မည်ဖြစ်ပါသည်။ “Break” ပြုလုပ်ခြင်းအား (၂) ကြိမ် ဆက်တိုက်လည်း ယူနိုင်ပါသည်။

ကျောင်းသူကျောင်းသားများအနေဖြင့် ဆရာ/ဆရာမများနှင့် မေးခွန်းများမေးခြင်း ၊ ဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့အား Learning Management System ပေါ်မှတစ်ဆင့် မိမိ၏ကိုယ်ပိုင်အကောင့်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ထို့အပြင် ဆရာ/ဆရာမများထံမှ သင်ကြားရေးအတွက် အထောက်အပံ့ တစ်စုံတရာလိုအပ်ပါက TECHKATHO Digital University သို့ ဆက်သွယ်ပြီး ဆရာ/ဆရာမနှင့် တစ်ဦးချင်းတွေ့ဆုံဆွေးနွေးခြင်း (One to One Online Consultation Session )အား Fees ပေးသွင်း၍ ရယူနိုင်ပါသည်။

MBA Program အားတက်ရောက်အောင်မြင်ပြီးပါက မြန်မာနိုင်ငံ၌ TECHKATHO Digital Univesity မှ တစ်နှစ်တစ်ကြိမ် ကြီးမှူးကျင်းပပြုလုပ်သည့် ဘွဲ့နှင်းသဘင်အားလည်းကောင်း၊ နိုင်ငံရပ်ခြား၌ European International University (EIU Paris) မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဘွဲ့နှင်းသဘင်အားလည်းကောင်း တက်ရောက်နိုင်ပါသည်။

MBA Specialization အားမိမိစိတ်ဝင်စားသော နယ်ပယ်အပေါ်မူတည်ပြီးရွေးချယ်နိုင်ပါသည်။ မိမိရွေးချယ် သော Specialization နှင့်သက်ဆိုင်သည့်ခေါင်းစဉ်ကို Action Research Paper တွင် ရေးသားရပါသည်။

သင်တန်းကာလကြာမြင့်ချိန်မှာ ဘာသာရပ်တစ်ခုလျှင် ရက်သတ္တပတ် ၆ ပတ်ခန့်ကြာမြင့်နိုင်ပြီး Action Research Paper အပါအဝင် ၁၅ လ မှ ၁၈ လအထိကြာမြင့်နိုင်ပါသည်။

တစ်ပြိုင်နက်ထဲကြည့်ရှု၍မရနိုင်ပါ။ EIU ၏လမ်းညွှန်ချက်များနှင့်အညီ သင်ခန်းစာများအား နှစ်ပတ်လျှင်တစ် ကြိမ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ယင်းအစီအစဉ်အတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Assignment များကို Essay သို့မဟုတ် Report ပုံစံ/Format ဖြင့်သာဖြေဆိုရမည်ဖြစ်ပါသည်။ သို့ရာတွင် သက် ဆိုင်ရာဘာသာရပ်ကို သင်ကြားပေးသူဆရာ/ဆရာမများအပေါ်မူတည်ပြီး Assignment ဖြေဆိုရမည့် ပုံစံ/ Format မှာကွဲပြားခြားနားမှုရှိနိုင်ပါသည်။

စတင်ရေးသားချိန်မှ (၄) လအကြာတွင် တင်သွင်းရမည်ဖြစ်ပါသည်။

ကျောင်းသူကျောင်းသားများအနေဖြင့် TECHKATHO Digital University တွင် တက်ရောက်နေသမျှကာလပတ် လုံး ယခင်မိမိတက်ရောက်ခဲ့သော Module များကိုဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Location

No.(79), Room(7H), The Unique Condominium, Between Khine Shwe WarStreet & Zayar Street, Hledan, Kamayut Township, Yangon. 11041

Phone

09 444 79 4479
09 444 09 3050
09 444 09 3060

Phone

09 444 79 4479
09 444 09 3050
09 444 09 3060

Opening hours

Monday - Saturday | 8:00 AM - 4:00 PM

Copyrights © 2022 TECHKATHO Digital University | All rights reserved.