Myanmar Consumer Trends in Post-Covid-19 Period

ယခုဆွေးနွေးပွဲတွင် COVID-19 ကာလအလွန် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးစသည့်အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ “COVID-19 အလွန် မြန်မာနိုင်ငံရှိ Consumer များ၏ မျှော်မှန်းမှု လမ်းကြောင်းသစ်များ” ဆိုင်ရာခေါင်းစဉ်နှင့် စပ်လျဉ်းပြီး အောက်ပါအကြောင်းအရာများကို ပြောကြားပေးသွားမှာဖြစ်ပါတယ်။

📌COVID-19 ကာလအလွန် စီးပွားရေး၊ လူမှုရေး အခြေအနေပြောင်းလဲလာမှုများ
📌 မြန်မာနိုင်ငံရှိ စျေးကွက်စီးပွားရေးနှင့် ရောင်း/ဝယ်မှု အခြေအနေများ
📌မြန်မာနိုင်ငံတွင်COVID-19 အလွန် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးလမ်းကြောင်းသစ်များနှင့် နည်းဗျုဟာများ
📌COVID 19 မဖြစ်ခင်နှင့် ဖြစ်ပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးရပ်တည်နိုင်မှု အခြေအနေ
📌စီပွားရေးလုပ်ငန်းများတွင်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းသစ်များ
📌ပညာသင်ကြားရာတွင် ကျောင်းသားများတွေ့ကြုံလာနိုင်မည့် အခက်အခဲများ
📌ကျောင်းတွင် လူကိုယ်တိုင်တက်ရောက်သင်ကြားမှုနှင့် COVID-19 အလွန် Online တွင် သင်ကြားရခြင်း၏ ကွဲပြားခြားနားမှုများ
အစရှိသည့် အထက်ပါခေါင်းစဉ်များကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Date : 18-Jun-2020 (Thursday)
Time : 7:00 PM to 8:00 PM
Venue : Techkatho Facebook Page

ဆွေးနွေးပေးသွားမည့်သူများကတော့
ဦးသူရိန်ငြိမ်း( Managing Director at Myanmar Resources Network Co.,Ltd.
Advisor and former Managing Director, Nielsen MMRD (Myanmar) Co., Ltd
Founding member of Professional Marketers Association, Myanmar)

ဆရာဦးအောင်ကျော်ဦး ( Vice President( Academic Affairs) at Techkatho Co., Ltd, Managing Partner, Grand Valley Consulting) တို့မှ အဓိက ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးတွင် စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်နေကြသောဝန်ထမ်းများနှင့် တိုးတက်မှုလမ်းကြောင်းကို ရှာဖွေနေကြသော လူငယ်များအတွက် တက်ရောက်သင့်တဲ့ Live Session တစ်ခုဖြစ်တာကြောင့် ပါဝင်တက်ရောက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။