Asia International Business Institute (AIBI)

This is the heading

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော AIBI Institute သည် ပုသိမ်မြို့တွင် တည်ရှိပြီး ၁၉၉၅ ခုနှစ်တွင် ရန်ကုန်မြို့၌ တည်ထောင်ခဲ့ပါသည် ။ ၁၉၉၇ ခုနှစ်အရောက်တွင် Ayeyarwady International Business Institute ( AIBI ) အမည်ဖြင့် ပုသိမ်မြို့၌ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည် ။ ၂၀၀၀ ခုနှစ်အရောက်တွင် Ayeyarwady International Business Institute ( AIBI ) အမည်မှ AIBI Institute ( နာမည်အတိုကောက် ) အဖြစ် ၂၀၁၉ နှစ်ကုန်အထိ ပြောင်းလဲအသုံးပြုခဲ့ပါသည် ။ ၂၀၁၉ ခုနှစ်တွင် Asia တက္ကသိုလ်များ ၊ နိုင်ငံခြားတက္ကသိုလ်များဖြင့် ပိုမိုချိတ်ဆက်ဆောင်ရွက်လာသည့်အတွက် ၂၀၂၀ ခုနှစ်တွင် AIBI ( Ayeyarwady International Business Institute ) မှ Asia International Business Institute ( AIBI ) အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည် ။
AIBI သင်တန်းကျောင်းခွဲများအနေဖြင့် ဧရာ၀တီတိုင်းတွင် ပုသိမ် ၊ ဇလွန် ၊ ဘိုကလေး ၊ ဖျာပုံ တို့တွင်ကျောင်းခွဲများ ဖွင့်လှစ်ထားပြီး ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊တနင်္သာရီတိုင်း ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် တိုတွင်လည်းကျောင်းခွဲများဖွင့်လှစ်ထားလျှက်ရှိပါသည် ။
AIBI သင်တန်းကျောင်းသည် ABE ( UK ) ဖြင့်ချိတ်ဆက်ကာ Diploma သင်တန်းများ ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး Computer သင်တန်းများ IT Engineer သင်တန်းများကို နိုင်ငံတကာနှင့်ချိတ်ဆက်ကာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည် ။ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Students Exchange Program များလည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါသည် ။
TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA Program ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ AIBI Institute Learning Support Center တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။