ATC LCCI

This is the heading

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော ATC LCCI (Dawei) သည် ၂၀၁၂ အောက်တိုဘာလတွင် ထားဝယ်မြို့၌ ပထမဆုံး ဖွင့်လှစ်သင်ကြားခဲ့သော စာရင်းကိုင်သင်တန်းတစ်ခုဖြစ်ပါသည်၊၊ ၂၀၁၇ မှစ၍ Pro iT Computer Centre နှင့်ပူးပေါင်းပြီး Computer Application Courses ဘာသာရပ်များသင်ကြားခြင်း၊ Computer Service လုပ်ငန်းများကိုလည်း လုပ်ကိုလျှက်ရှိပါသည်၊၊ ATC LCCI သင်တန်းကို တည်ထောင်ဖွင့်လှစ်သင်ကြားသူ ဒေါ်ချိုချိုယုသည် ရန်ကုန်မြို့တွင် အလုပ်လုပ်ခြင်း၊ သင်ယူခြင်း၊ သင်ကြားခြင်းအတွေ့အကြုံများကို ၁၀စုနှစ် တစ်ခုအထိ လေ့လာလုပ်ကိုင်ခဲ့ပြီး စေတနာ၊ ဝါသနာ အရင်းခံ၍ သင်ကြားခြင်းအတွေ့အကြုံများကြောင့် ယနေ့ အချိန်အထိ မြောက်များစွာသော LCCI Diploma နှင့် Sliver ဆုရှင်များကို မွေးထုတ်ပေးခြင်းဖြင့် ရပ်တည်လျှက်ရှိ ပါသည်၊၊

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ ATC LCCI (Dawei) Learning Support Center တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA Program ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။