ဆရာဦးအောင်ကျော်ဦး (ဒုဥက္ကဌ) ပညာရေးဌာန ဦးအောင်ကျော်ဦးသည် Techkatho ၏ ဒုဥက္ကဌ တစ်ဦးဖြစ်သည့်အပြင် အဓိကအဖွဲ့၀င်တစ်ဦးလည်းဖြစ်ပါသည်။ Grand Valley အတိုင်ပင်ခံ ကုမ္ပဏီ၏ အုပ်ချုပ်မှု Partner တစ်ဦးလည်းဖြစ်ပါသည်။ 

ဆရာဦးအောင်ကျော်ဦး (ဒုဥက္ကဌ) ပညာရေးဌာန ဦးအောင်ကျော်ဦးသည် Techkatho ၏ ဒုဥက္ကဌ တစ်ဦးဖြစ်သည့်အပြင် အဓိကအဖွဲ့၀င်တစ်ဦးလည်းဖြစ်ပါသည်။ Grand Valley အတိုင်ပင်ခံကုမ္ပဏီ ၏ အုပ်ချုပ်မှု Partner တစ်ဦးလည်းဖြစ်ပါသည်။ နိုင်ငံရပ်ခြားတွင် ပညာရေးနှင့် အလုပ်ရုံလုပ်ငန်းအတွေ့အကြုံများကို ဆယ်စုနှစ်(၂)စုစာဆည်းပူးရရှိခဲ့ပြီးနောက် မြန်မာပြည် သို့ ပြန်လည်ရောက်ရှိလာကာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သော အတိုင်ပင်ခံ နှင့် စျေးကွက်လေ့လာရေး ကုမ္ပဏီကို မြန်မာနိုင်ငံတွင် ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ ဦးအောင်ကျော်ဦးသည် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဘာသာဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့ပြီး Assumption University, Thailand မှ အမ်ဘီအေဘွဲ့နှင့် Central European University, Hungary (CEU) မှ နည်းပညာဆိုင်ရာ စီမံခန့်ခွဲမှု သိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ ဦးအောင်ကျော်ဦးသည် နည်းပညာဆိုင်ရာများ၊ စီမံခန့်ခွဲမှု အကြံပေးခြင်းများနှင့် ရေနံ ဓါတုစက်ရုံများတွင် နိုင်ငံခြားအတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ‌ ASEAN ‌ဒေသတွင်းရှိ တက္ကသိုလ်များဖြစ်သည့် Bradford College, Coventry University, Sunderland University, Troy State University, Towson University, UBIS Switzerland, Swiss Business School နှင့် Bangkok School of Management တို့တွင် အကြီးတန်းဆရာအဖြစ် စာသင်ကြားပို့ချခဲ့ပြီး ကထိက အဖြစ်လည်း တာ၀န်ထမ်းဆောင် ခဲ့ပါသည်။ ဦးအောင်ကျော်ဦး၏ ဝါသနာ မှာ အတန်းထဲတွင် သူ၏တပည့်များအား လုပ်ငန်းခွင် ဗဟုသုတနှင့် အတွေ့အကြုံများကို ‌ ဝေမျှ ပေးခြင်းပင်ဖြစ်ပါသည်