Little Garden Cafe

This is the heading

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

၁၀ နှစ်ကြာ လူမှု ဖွံ့ဖြိုးရေးများကို လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ Little Garden Cafe ရဲ့ Founder , MOGPA ( Myanmar Organic Grower and Producer Association) ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်ရဲ့ ဥက္ကဋ္ဌတစ်ဉီးဖြစ်သူ ဦးမျိုးမြတ်သည် ၂၀၀၉ ခုနှစ်တွင် လွိုင်ကော်ကွန်ပျုတာ တက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Asia Social Institute မှ “IDCCD (International Diploma Course for Community Development), ဒီပလိုမာကို ရရှိထားသူ၊ ပြည်ပအတွေ့အကြုံများရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ ထို့ပြင် ကယား MSME အသင်းမှာလည်း Co-Founder တစ်ဦးဖြစ်၍ စိုက်ပျိုးရေး ကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်လျက်၊ လူငယ်များစွမ်းရည်မြင့်တင်ခြင်းလုပ်ငန်းများတွင်လည်း ပါဝင်အားဖြည့်ခြင်း၊ ဒေသတွင်း နှင့် အခြားဒေသများတွင် Organic ဈေးကွက်ပေါ်ပေါက်လာစေရန်အတွက် ချိတ်ဆက်ခြင်း စသည်တို့ကို ဆောင်ရွက်နေသော ဦးမျိုးမြတ် နှင့် နိုင်ငံတကာအသိအမှတ်ပြု မဟာဘွဲ့ လေ့လာဆည်းပူးနိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးအစီအစဥ်များတွင်လည်းကောင်း၊ လူသားအရင်းအမြစ်များမွေးထုတ်ပေးရာတွင်လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုးအသင်းများ ပိုမိုအားကောင်းလာစေရန်လည်းကောင်း၊ ရေရှည်တည်တံ့သော ဒေသအခြေပြုလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် စွမ်းစွမ်းတမံ ဦးဆောင်နေသော ဦးခွန်းစတီးဖင်တီနို တို့သည် TECHKATHO Digital University နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့မှ MBA Program တက်ရောက်လိုသော ကျောင်းသားကျောင်းသူများအတွက် Official Learning Support Center (LSC) ကိုယူဆောင်လို့လာပါပြီ။
ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ Little Garden Cafe Learning Support Center တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။