Hpa An

“Treasure Net” ICT & Business Training Center

“Treasure Net” ICT & Business Training Center

TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော “Treasure Net” ICT & Business Training Center သည် ၂၀၁၂ ခုနှစ်၊ မတ်လတွင် ဘားအံမြို့၌ ကွန်ပျူတာသင်တန်းအဖြစ် စတင်ခဲ့ပါတယ်။ ၂၀၁၂ နိုဝင်ဘာလမှစတင်၍ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့ရာ ယနေ့တွင် Treasure Net သည် ဘားအံ၌ အရောင်းဆိုင်ခွဲ (၂)ခု၊ သင်တန်းကျောင်း (၁)ခု တို့ဖြင့် အောင်မြင်စွာ ဖွင့်လှစ်ရပ်တည်လျှက်ရှိပါသည်။

Treasure Net မှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းနှင့် ပြုပြင်ခြင်း၊ ကွန်ပျူတာသင်တန်း၊ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ ကလေးများအတွက် ကျောင်းချိန်ပြင်ပ သင်္ချာသင်တန်းစသည် တို့ဖြစ်ပါတယ်။

Treasure Net အားစတင်တည်ထောင်ခဲ့သူမှာ ဒေါ်အိမွန်ခိုင်ဖြစ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)တို့၌ နည်းပြအဖြစ်လည်းကောင်း၊ Freelance Programmer တစ်ဦးအဖြစ်လည်းကောင်း ရပ်တည်ခဲ့သူဖြစ်ပါတယ်။

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA Program ကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ “Treasure Net” ICT & Business Training Center-Learning Support Center တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Address – သုခလမ်း၊ အမှတ်(၄) ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။

Phone – 09 697022525(Sale) ,09 965136417

Facebook – Tresure Net ICT & Business Training Center