Youth Learning Center – Taungoo (YLCT)

Youth Learning Center (YLCT)

U Min Ko Naing

Founder

TECHKATHO Digital University ၏ Official Learning Support Center တစ်ခုဖြစ်သော Youth Learning Center-Taungoo (YLCT) ကို ဩဂုတ်လ ၁၊ ၂၀၂၀ ခုနှစ် တွင် ဆရာဦးမင်းကိုနိုင်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ပညာရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် ပိုမို အဆင်ပြေစေရန် ဦးတည်ချက်ဖြင့် လုပ်ငန်းခွင်သုံး ဘာသာများကို ၎င်းတို့ဘက်မှ တက်နိုင်သည့် အခကြေးငွေ ဖြင့် တက်ရောက်သင်ယူလေ့လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် Center တစ်ခု ဖြစ်ပါသည်။

Youth Learning Center-Taungoo (YLCT) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူများ၊ မသန်စွမ်းသူများ၏ သားသမီးများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ ပညာရေး စနစ်ဖြင့် တက်ရောက်သင်ကြားနိုင်ပြီး၊ အထက်ဖော်ပြပါ အချက်အလက်နှင့် မကိုက်ညီသူများအတွက် တန်ဖိုး နည်း အခကြေးငွေပေးသွင်းခြင်းဖြင့်တက်ရောက်နိုင်သည့် ပညာရေးစနစ်များဖြင့် တောင်ငူမြို့နေ လူငယ်များ အတွက် လက်လှမ်းမှီပညာရေး စနစ်တစ်ခုကို ဖော်ဆောင်ရန်ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

Youth Learning Center-Taungoo (YLCT) သည် လက်ရှိတွင် အင်္ဂလိပ်စကားပြောသင်တန်း၊ လုပ်ငန်းခွင်သုံး ကွန်ပျူတာ သင်တန်း၊ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲ မှုနည်းပညာ သင်တန်းများကို သင်ကြားပို့ချ ပေးလျက်ရှိပါသည်။ လူငယ်များ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများအတွက် အိမ်တွင်းလုပ်မှုပညာ ဘာသာရပ် များကိုလည်း သင်ကြားပေးလျက်ရှိပါသည်။

Youth Learning Center-Taungoo ၏ ပင်မရည်ရွယ်ချက်အနေဖြင့် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာနိုင်ရေးနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်လာနိုင်စေရန်နှင့် လက်လှမ်းမှီနိုင်သော ပြင်ပ ပညာရေးလမ်းကြောင်းများ၊ အခွင့်အလမ်းများကို ရရှိနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ပညာရေး စင်တာ တစ်ခုပဲဖြစ်ပါသည်။

ကျောင်းသားများအတွက် Learning Support Center မှ ရရှိလာမည့် အကျိုးကျေးဇူးများ
၁) ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA, BBA(Top-Up) & BBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲ တွင်စုံလင်စွာသိရှိနိုင်ခြင်း
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း
အစရှိသည့် အချက်များကို TECHKATHO ၏ Youth Learning Center-Taungoo (YLCT) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA, BBA(Top-Up) & BBA Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris နှင့် ပူးပေါင်းကာ Digital University အနေနှင့် MBA, BBA(Top-Up) & BBA Program များကို သင်ကြားပေးနေလျက်ရှိပါသည်။